နေပြည်တော် ၁၄ အောက်တိုဘာ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေတိုးပွားစေရေး အတွက်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်း နှင့်ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှုအနေဖြင့် အစိုးရအလုပ်အကိုင် ၅၆၄၄ ဦးနှင့် ပုဂ္ဂလိက အလုပ်အကိုင် ၁၃၀၀၀ စုစုပေါင်း ၁၈၆၄၄ ဦးကို အလုပ်ရှာဖွေပေးနိုင်ခဲ့သည်။
အလားတူ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ် အကိုင်ရရှိမှုအနေဖြင့် ကိုးရီးယားသမ္မနိုင်ငံသို့ ၆၈ ဦး၊ ဂျပန်နိုင်ငံသို့ ၁၂၃ ဦး၊ စုစုပေါင်း ၁၉၁ ဦးကို အလုပ်အကိုင်အတွက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


