နေပြည်တော်  ၁၄   အောက်တိုဘာ

 

ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့အတွင်းရှိ ရွှေချီရပ်ကွက်နှင့် ရွာကောက်ရပ်ကွက်တို့အား ဆက်သွယ်ထားသည့် ငလိုက်ချောင်း(၉)လမ်းတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် နေပြည်တော်ကောင်စီရန်ပုံငွေကျပ်(၄၂၄)သန်းဖြင့် အရှည်ပေ ၁၄၀ ၊ အကျယ် ၂၇ ပေ၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်း(၃)ပေရှိ အပေါ်ထည် သံကူကွန်ကရစ်ရက်မနှင့် သံမဏိသံပေါင်း ယက်မတံတားရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် ယနေ့၊ နံနက်ပိုင်းမှစတင်၍ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့စတင်ဖြတ်သန်းသွာလာခွင့်ပြုရာတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တံတား၏ ကြံ့ခိုင်မှု၊ ယာဉ်များ၊ တံတားအသုံးပြုသူပြည်သူများ သွားလာရာတွင် အခက်အခဲရှိမရှိတို့နှင့် တံတားအား သက်မှတ်စံချိန် စံညွှန်းများနှင့် အညီဆောက်လုပ်ခြင်းရှိ၊ မရှိတို့ကို  ကြည့်ရှုစစ်ဆေးပြီး စတင်ဖြတ်သန်းသွားလာခွင့်ပြုလိုက်ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)

 

mdn