(၁၄-၁၀-၂၀၂၀ ရက်၊ ဆိုးလ်)

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ ကိုရီးယားနိုင်ငံ၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်း နေကြသည့် JSM International Co., Ltd မှ မြန်မာ သင်္ဘောသား (၁၄၅) ဦးအတွက် လေယာဉ်စရိတ်၊ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်အခါတွင် Quarantine နေထိုင်ရန် ကုန်ကျစရိတ်များ၊ PCR Test စစ်ဆေးခြင်းများ အစရှိသည့် ကုန်ကျစရိတ်အားလုံးကို ကျခံမည်ဖြစ်ပါသဖြင့် အထူးကယ်ဆယ် ရေးလေယာဉ်ပြေးဆွဲခွင့်ပြုပါရန် မေတ္တာရပ်ခံချက်အရ ၁၄-၁၀-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲ နိုင်ရေး တင်ပြ ခွင့်ပြုချက်ရယူ၍ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၃၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၁၄၅) ဦး စီးနင်းလိုက်ပါခဲ့ကြပါသည်။ လိုက်ပါသည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

Crd - Ministry of Foreign Affairs Myanmar