နေပြည်တော် ၁၄ အောက်တိုဘာ

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ် ယင်းယိမ်ရွာနှင့် သစ်ခက်ရွာကြား၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၃၃ ဒသမ ၀၁၁၂)တန်ကို လည်းကောင်း။

ကနီမြို့နယ် ယင်းကျေးရွာအထက်ဘက် (၁)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်ခွဲသား (၂၀ ဒသမ ၀၀၂၄) တန်၊ ကနီမြို့နယ်၊ ကျွန်းကလေးကျေးရွာ ဆိပ်ကမ်းမှ တရားမဝင်အင်ခွဲသား (၁၀ ဒသမ ၉၄၄၄) တန်၊ မင်းကင်းမြို့နယ်၊ ရေဦး-ကလေးဝ ကားလမ်းမိုင်တိုင်အမှတ်(၅၁/၁)မိုင်အနီး (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် သစ်ယာ/အင်ခွဲသား (၁၀ ဒသမ ၁၁၆၄)တန်၊ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၀၇/၅)နှင့် (၁၀၇/၆)ကြား တရားမဝင် ကျွန်းခွဲသား (၅ ဒသမ ၆၅၃၂)တန်တို့ကို လည်းကောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ညီညီသန်း (နေပြည်တော်)