နေပြည်တော် ၁၄ အောက်တိုဘာ

 

ရှမ်းပြည်နယ်၊ ကလောမြို့နယ် အုပ်ချုပ်ရေးမှူးမှ တိုင်တန်း၍ သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာနေ မြင့်ကိုကို (၃၉)နှစ်ပါ ၈ ဦးအား အောက်တိုဘာ ၁၃ ရက်က ကလောမြို့မရဲစခန်း (ပ)၁၄၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

 

ဖြစ်စဉ်မှာ ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစီးပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက် ည ၆ နာရီက ကလောမြို့နယ် ဝက်ဖြူရေကျေးရွာအနီး၌ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် မြင့်ကိုကိုပါ ၈ ဦးသည် မော်တော်ယာဉ် ၈ စီးဖြင့် ရောက်ရှိပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်းမရှိဘဲ ပိတ်ဆို့ထားသည့် အကာအရံများအား ၎င်းတို့၏သဘောဆန္ဒဖြင့် ဖယ်ရှားပြီး မောင်းနှင်ထွက်ပြေးသွားသဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား