အထက်မင်းလှ ၁၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရုံးရပ်မြောက်ပိုင်းရပ်ကွက်(၁)လမ်းနှင့် (၂)လမ်းထောင့် ဒေါ်ခင်ရွှေ (ခ)ဒေါ်ငယ်မ၏ အိမ်ခြံအတွင်း၌ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ချုံနွယ်ပိတ်ပေါင်းအား ရှင်းလင်းရာမှ RPG ဗုံးသီးပျက်(သံချေးတက်/အဟောင်း) တစ်လုံးတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဗုံးသီးအား မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ည ၇ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဗုံးသီးဟောင်းအား နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


