ခင်ဦး ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကျွန်းပင်ကန်အုပ်စု၊ ခြေမြစ်ကျဉ်းကျေးရွာ အရှေ့ဘက်(၁)မိုင်ကျော်ခန့်အကွာရှိ ဦးသောင်းငွေ၏ ကြက်မွေးမြူရေးခြံတွင် အောက်တိုဘာ ၁၄ ရက် ည ၉ နာရီခန့်က ကြက်သားပေါက်အကောင်ရေ(၃၀၀၀)ခန့်ကို ဂတ်(စ်)မီးအိုးဖြင့် မီးအပူပေးရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ရွာစဉ်နယ်မြေမီးသတ်စခန်းမှ သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် အလျားပေ ၂၄၀၊ အနံ ၁၈ ပေ အမြင့် ၁၂ ပေပတ်လည်ရှိ သက္ကယ်မိုး၊ ကပ်ကာ၊ ကပ်ခြင်း ကြက်ခြံနှင့် ကြက်သားပေါက်များ မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် ဦးသောင်းငွေ ၅၃ နှစ်အား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)