ကလေးဝ ၁၅  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်နိုင်ရေး မဲပေးသည့် အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာ မူလွန်ကျောင်း၌ ပြုလုပ်ခဲ့သည်။

 

mdn

 

အဆိုပါ လက်တွေ့ သရုပ်ပြသခြင်းသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဇော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲများက မဲရုံအပြင်ဘက်ပိုင်း ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်းပိုင်း ဆောင်ရွက် ထားရှိမှုများအား ကြည့်ရှု၍  မဲဆန္ဒရှင်များ တန်းစီ ရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ တန်းစီရန်၊ ကိုယ်အပူချိန်တိုင်းတာရန်၊ Mask နှင့် Sanitizer Spray ဖျန်းရန်၊ မဲရုံအတွင်း လေဝင် လေထွက် ကောင်းအောင် စီစဉ်ဆောင်ရွက်ထားရှိရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းက မှာကြားခဲ့ကြောင်း သိရသည်။

 

သက်ဟန်(ကလေးဝ)