တုံတာ ၁၅ အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လတွင် သစ္စာ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီခန့်က တုံတာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ကျင်းပရာတွင် တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မိုင်းပျဉ်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဖေက သစ္စာစီမံချက်ဖြင့် တုံတာမြို့ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများရှိ အသက် ၁၈နှစ် ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ/အုပ်စု အုပ်ချုပ် ရေးမှူးများက ဒေသခံများကိုယ်စား လာရောက်လက်ခံရယူကြပြီး တုံတာမြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၃)အုပ်စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၅)ကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)