မယ်စဲ့     ၁၅  အောက်တိုဘာ    

           

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အသိပညာပေးခြင်းလုပ်ငန်းများကို လူစုလူဝေးဖြင့် မဆောင်ရွက်နိုင်သည့် ကာလအတွင်း ပြည်သူလူထုသို့ အသိပညာပေးလိုသည့် အကြောင်းအရာ များကို မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး  ဆွေးနွေးပွဲ Talk Show ကို ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသော စံ(၅)ရပ်များ၊ အခြေခံမဲဆန္ဒရှင် စာရင်းများကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင်ဆောင်ရွက်ခဲ့မှု၊ ပထမအကြိမ် ကြေညာထားသည့် မဲစာရင်းများမှ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများကို လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပါတီအသီးသီးက ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် ဆက်သွယ်ပြီး ပုံစံ-၁၅ ဖြင့် လျောက်ထားနိုင်ပုံ၊ အသက် (၆၀) နှစ်နှင့်အထက် ကြိုတင်မဲ ပေးခြင်းကိစ္စနှင့် မဲဆန္ဒနယ်မြေ စာရင်း၊ မဲရုံစာရင်း မဲရုံတည်နေရာတို့ကို အွန်လိုင်းမှတစ်ဆင့် ပြည်သူများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)