၁၅ အောက်တိုဘာ

 

 

လွန်ခဲ့သည့် သုံးလက သက်တမ်းကုန်ဆုံးခဲ့သည့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေကို ပြင်သစ်အစိုးရက ပြန်လည်သတ်မှတ်မည်ဖြစ်ပြီး ပါရီမြို့ အပါအဝင် အချို့မြို့များတွင် ညမထွက်ရအမိန့် ထုတ်ပြန်မည်ဖြစ်သည်။

 

 

ပြီးခဲ့သည့် လေးရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၇၀၀၀ နီးပါး ပြင်သစ်နိုင်ငံသည် အတည်ပြုနိုင်ခဲ့ပြီး နွေဦးရာသီက ထုတ်ပြန်သော ကူးစက်မှုများထက် များစွာမြင့်တက်လာခဲ့ကြောင်း ကြေညာချက်က ဖော်ပြထားသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် လူနာများသည် အခြေအနေ ပြင်းထန်သောကြောင့် တစ်နိုင်ငံလုံးရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသနေကြရသည်။

 

 

ခရီးသွားလာခွင့် ကန့်သတ်မည့် ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေကို အစိုးရမှ ကြေငြာခဲ့သည်။

 

 

အဆိုပါ အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်သည် စနေနေ့တွင် အသက်ဝင်မည်ဖြစ်သည်။

 

 

စနေနေ့မှ စတင်ပြီး အနည်းဆုံး လေးပတ်အတွင်း ပါရီနှင့် ၎င်း၏ ပတ်ဝန်းကျင် ဒေသများအပြင် အရှေ့ပိုင်းရှိ လိုင်ယွန် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးရွားဆုံးသော ဒေသ ကိုးခုတွင်  ညကိုးနာရီမှ နံနက်ခြောက်နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်က တီဗွီအင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

စည်းကမ်းချိုးဖောက်သူများက ယူရို ၁၃၅ သို့မဟုတ် ဒေါ်လာ ၁၆၀ ဒဏ်‌ငွေ ပေးဆောင်ရမည်ဖြစ်သည်။

 

 

ယခုအစီအမံက စားသောက်ဆိုင်၊ ကော်ဖီဘားများနှင့် ရုပ်ရှင်ရုံများ အပါအဝင် စီးပွားရေး လုပ်ငန်းများကို ကန့်သတ်စေမည်ဖြစ်သည်။

 

 

ဥရောပတိုက်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဖြစ်ပွားနေစဉ်အတွင်း နိုင်ငံများက ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်