၁၅ အောက်တိုဘာ

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ အကြားတွင် ရုန်းကန်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ရန်အတွက် ကြွေးမြီများ ပြန်လည်ပေးဆပ်မှုကို  ခြောက်လ သက်တမ်းတိုးရန် G-20အဖွဲ့၏ စီးပွားရေး အုပ်စုမှ သဘောတူညီခဲ့သည်။

 

 

G-20 ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများသည် ဗုဒ္ဓဟူးနေ့က အွန်လိုင်းအစည်းအဝေးပွဲ တစ်ခု ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

 

ယခုနှစ်အကုန်တွင် ပြန်လည်ပေးဆပ်ရန် သတ်မှတ်ထားသည့် ရက်အား ပြန်လည်ရုပ်သိမ်းရန် ၎င်းတို့က ဆုံးဖြတ်ခဲ့သည်။လာမည့် လနှောင်းပိုင်းတွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေး မတိုင်မီ ကြွေးမြီလျှော့ချရေး အပါအဝင် နောက်ထပ်ပံ့ပိုးမှု အစီအမံများကို ဆွေးနွေးရန် ၎င်းတို့က သဘောတူညီခဲ့ကြသည်။

 

 

ယခုအချိန်အထိ   ကြွေးမြီများ လျော့ချရေး ဆွေးနွေးပွဲများတွင် တရုတ်နိုင်ငံမှ ပူးပေါင်းပါဝင်မှုကလည်း အားတက်စရာဖြစ်လာခဲ့သည်။

 

 

၎င်း၏ အစိုးရနှင့် ဆက်နွယ်နေသော ဘဏ္ဍာရေး အဖွဲ့အစည်းများက ချေးငွေဆိုင်ရာ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ကြွေးမြီများ ရပ်ဆိုင်းထားမည့် ကိစ္စထုတ်ပြန်ရန်  ငြင်းဆန်ခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a1