စစ်ကိုင်း ၁၅ အောက်တိုဘာ
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသိပညာပေး လုပ်ငန်းများကို Online မှလည်းကောင်း၊ မြေစိုက်နံရံကပ်ဘုတ်များဖြင့်လည်းကောင်း ပြည်သူများသို့ အသိပညာပေးများ လုပ်ဆောင်ပေးလျက်ရှိရာ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ရုံးရှေ့တွင် ပြသထားကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်များပြသထားရာတွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် ပြည်သူများအား ဆန္ဒမဲပေးရာတွင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် အခက်အခဲမဖြစ်ပေါ်စေရန် တို့အတွက် အသိပညာပေးပိုစတာများနှင့်လက်ကမ်းစာစောင်များကို ပြသထားခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဝင်း(ပြန်/ဆက်)


