ပင်းတယ  ၁၅  အောက်တိုဘာ  

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှုများ မဖြစ်ပွါးစေရန်အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က ယမန်နေ့ နံနက် ၁၀ နာရီက ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ခံ ဦးနေမျိုးဇော်၊ မြို့နယ်ဆရာဝန်မကြီး ဒေါ်မို့မို့ကြည်၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ရေသန့်စက်ရုံများတွင် ရေသန့်ဗူးများ စနစ်တကျ ထားရှိမှု အခြေအနေများ၊ ရေသန့်ဗူးများကို ထုတ်ပိုးပြီး သက်ဆိုင်ရာများသို့ ပို့ဆောင်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် နှာခေါင်းစည်းများနှင့် လက်အိတ်များကို မဖြစ်မနေတပ်ဆင်ရန်စသည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွါးစေရေးအတွက် ရေသန့်စက်ရုံမှ တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း လည်းသိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)