၁၅ အောက်တိုဘာ
အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ်မာတင်က နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ကြောင်း၊ ဗြိတိန်နိုင်ငံနဲ့ နယ်စပ်ဒေသ တွေကိုပါ အခုထုတ်ပြန်တဲ့ စည်းမျဉ်းအတွင်းပါရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာ လိုက်ပါတယ်။
နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ လူပေါင်း ၃၀၀,၀၀ ဟာလည်း အခုထုတ်ပြန်တဲ့ အမိန့်အတွင်းမှာ ပါရှိပြီး၊ အဲဒီအမိန့်ဟာ ကြာသပတေးနေ့ သန်ခေါင်းယံကစပြီး သက်ဝင်မှာလို့ သိရပါတယ်။
ထုတ်ပြန်ချက် အသစ်မှာ အရေးမကြီးတဲ့ ပစ္စည်းရောင်းဆိုင်တွေ၊ အားကစားခန်းမတွေ၊ ရေကူးကန်တွေနဲ့ အပန်းဖြေရုံတွေပါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ လုပ်ငန်းတွေမှ လုပ်သားတွေကလွဲပြီး ကျန်လုပ်သားတွေဟာ နေအိမ်ကနေ အလုပ်လုပ်ရန် အမိန့်ထုတ်ပြန် လိုက်ပါတယ်။
ဝန်ကြီးချုပ်က မြို့တော် ဒပ်ဘလင်မှာ သတင်းထောက်တွေအား ပြောကြားရာတွင် တစ်အိမ်နဲ့တစ်အိမ် သို့မဟုတ် အိမ်အပြင် ပန်းခြံမှာ အိမ်နီးချင်းတွေ လည်ပတ်ခွင့်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိတ်ပင်ထားကြောင်း ပြောပါတယ်။
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁,၈၃၅ ရှိပြီဖြစ်ကြောင်း၊ အခုအခြေအနေဟာ အလွန်ဆိုးရွားကြောင်း၊ အကောင်းဆုံး မရောက်ခင်မှာ အဆိုးဆုံးတွေနဲ့ ကြုံတွေရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် မိုက်ကယ်မာတင်က သတိပေးပြောကြားပါတယ်။
အိမ်နီးချင်း မြောက်အိုင်ယာလန် အစိုးရကလည်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များလာတဲ့အတွက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ဘားတွေ၊ ဘုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို သီတင်းလေးပတ်ကြောင်း၊ လူစုလူဝေးခွင့်ကိုလည်း တင်းကျပ်တဲ့ အမိန့်နဲ့ တားမြစ်ကြောင်း၊ နှစ်တစ်ဝက် ကျောင်းပိတ်ရက်ကိုလည်း တိုးပိတ်ကြောင်း ကြေညာခဲ့ပါတယ်။
အိုင်ယာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု အမြင့်ဆုံး အချိန် ဧပြီလတွင် ပိုးတွေ့ရှိသူ ၇၇ ဦးသာရှိပြီး အဲဒီနောက် ဆယ်ဂဏန်း မကျော်တဲ့ အရေအတွက်သာ ဖြစ်နေပေမယ့် အောက်တိုဘာ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) မှာ ပိုးကူးစက်ခံရသူ ၁,၀၉၅ ဦးရှိရာ ပိုးကူးစက်သူ အများဆုံးအဖြစ် မှတ်တမ်းတင်တဲ့နေ့ ဖြစ်လာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP
