ခရမ်း ၁၅ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲရှိသော သက်ကြီးအဖိုး အဖွားများနှင့် အခြေခံပြည်သူများအား ခရမ်းမြို့နယ်နေ မြို့နယ်သူ/ မြိုနယ်သားများနှင့် အဝေးရောက် ခရမ်းဇာတိဖွားများ၏ စုပေါင်းလှူဒါန်းမှုဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည်ဆီ(၅၀) သား တစ်ဘူးအား နေအိမ်များသို့ယမန်နေ့က အိမ်ထောင်စုဝင်များအား လိုက်လံလှူဒါန်း ပေးခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုကို ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ၊ လူမှုရေးအသင်းအဖွဲ့များက အိမ်တိုင် ရာရောက် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။
လှူဒါန်းမှုများမှာ ခရမ်းမြို့အမှတ်(၁) ရပ်ကွက်မှ အိမ်ထောင်စု(၃၃၀)စု အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု (၂၇၀)စု အမှတ်(၃)ရပ် ကွက်မှအိမ်ထောင်စု(၂၉၀)စု အမှတ်(၅) ရပ် ကွက် မှ အိမ်ထောင်စု (၁၁၀)စုအမှတ်(၆)ရပ်ကွက်မှ အိမ်ထောင်စု (၂၂၅)စု အမှတ်(၇)ရပ်ကွက်မှ အိမ်ထောင်စု (၅၅၅ )စု အမှတ်(၈) ရပ်ကွက်မှ အိမ်ထောင်စု (၃၀ဝ) အမှတ်(၉)ရပ်ကွက်မှ အိမ်ထောင်စု (၅၃၂)စု အမှတ်(၁၀) ရပ်ကွက်မှ(၃၅၀) အမှတ် (၁၁)ရပ်ကွက်မှအိမ်ထောင်စု (၄၃၀) အမှတ်(၁၂)မှ အိမ်ထောင်စု(၄၃၂)စု စုစုပေါင်း အိမ်ထောင်စု(၄၀၂၄ )စု နှင့် မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ နေ့စားဝန်ထမ်း (၂၃ )ဦး စုစုပေါင်းအိမ်ထောင်စု (၄၀၄၇ )စုတို့အား တစ်အိမ်ထောင်လျှင် ဆန်(၁၂)ပြည် ဆီ(၅၀) သားတစ်ဘူးတို့အား ရပ်ကွက်အတွင်းနေအိမ်များသို့ လှည့်လည် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း(ခရမ်း )


