ခေါင်လန်ဖူး ၁၅ အောက်တိုဘာ
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ခေါင်လန်ဖူး မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၅ရက် နံနက် ၉ နာရီက ခေါင်လန်ဖူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဟီးဗေးက အဖွင့်အမှာ စကား ပြောကြားကာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ်က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၃)အုပ်စုရှိ မဲရုံ (၃၆)ရုံတွင် မဲရုံမှူး၊ ဒုမဲရုံမှူးအဖြစ် ဆောင်ရွက်မည့် ဆရာ၊ဆရာမ (၈၈) ဦး တက်ရောက် ကြမည်ဖြစ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သင်တန်းပို့ချ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ ၁၅ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှသိရပါသည်။
ငြိမ်းအိအိဖြိုး( ပြန်/ဆက်)


