နေပြည်တော်  ၁၅  အောက်တိုဘာ

 

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်တွင် ငွေကျပ်သိန်း ၃၆၀,ဝ၀ဝ တန်ဖိုးရှိ အိုက်စ် ကီလို ၁,၈၀ဝ ကို သိမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်-မိုင်းနန်းသွားကားလမ်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီ တွင်မသင်္ကာဖွယ် ရပ်တန့်ထားသည့် DONG FENG ၈ ဘီး အမျိုးအစား ဆီဘောက်ဆာယာဉ် ကိုရှာဖွေရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ဆီသိုလှောင်ကန်အကန့် နှစ်ကန့်အတွင်း သိုဝှက် သယ်ဆောင်လာသည့် ဆာလာအိတ်များ အတွင်းမှ ငွေကျပ်သိန်း ၃၆၀,ဝ၀ဝ တန်ဖိုးရှိ အိုက်စ် ကီလို ၁,၈၀ဝ သိမ်းဆည်း ရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ဖော်ပြပါရှိသည်။

 

 (သတင်းစဉ်)