နေပြည်တော်  ၁၅  အောက်တိုဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၁၉ - ၂၀၂၀နှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်း၊ မြေလမ်း(၂ /၄) မိုင်၊ ကျောက်ချောလမ်း(၄)မိုင်၊ ကတ္တရာလမ်း(၁)မိုင် နှင့် Box Culvert(၉)စင်းတို့အား နယ်စပ် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၇၉၈ ဒသမ ၇၄၉)သန်းဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများအနက် သိန္နီမြို့နယ် နားကုန်း - ဟိုဆော်လမ်း (၄ / ၀)မိုင် အနက်(၁/၀) မိုင်ဆောင်ရွက်ပြီး ကျန်(၃ / ၀)မိုင်လမ်းပိုင်းအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ခွင့်ပြု ရန်ပုံ ငွေကျပ်(၄၀၅ ဒသမ ၆၀၇)သန်းဖြင့် ရာနှုန်းပြည့်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျောက်ချော လမ်း ပေါ်ရှိ လိုအပ်သော နေရာများတွင်(၅ x ၅ x ၂၆ )ပေ Box Culvert(၃)စင်းအား ခွင့်ပြုရန်ပုံငွေကျပ် (၁၃ ဒသမ ၄၅၃)သန်းဖြင့် လုပ်ငန်းများအား တစ်ချိန်တည်း ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

ယင်းကျောက်ချောလမ်းနှင့် Box Culvertများ တည်ဆောက်ပေးခြင်းဖြင့် နားကုန်း ကျေးရွာ နှင့် ဟိုဆော်ကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး ကျေးရွာ နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ဂျိုင်းလော (နာဂ)