တောင်ကြီး ၁၅ အောက်တိုဘာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲက တောင်ကြီးမြို့နယ် ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေး အေးသာယာစခန်းနှင့် တောင်လေးလုံးလမ်းခွဲ(ခေါင်တိုင်) မြို့ဝင်၊ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များကို ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်နှင့် ငွေသားကျပ် (၅)သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကလောမြို့ဝင် မြို့ထွက်၊ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ရှမ်းပြည်နယ်သို့အဝင် နမ့်ပန်တက် နယ်ခြားဂိတ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ တာဝန်ကျဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များကို ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ကြက်ဥ၊ ငွေသားကျပ် (၅)သိန်းစီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


