ပခုက္ကူ ၁၅ အောက်တိုဘာ

ရေစကြိုမြို့နယ်၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ကျေးရွာ ၅ ရွာတွင် လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ကျင်းပသည်။

ရေစကြိုမြို့နယ် ငါးမြာလေးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲကို အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခွဲက ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်းနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးလှမျိုးတို့က ဖဲကြိုးဖြတ်၍ လျှပ်စစ်မီးများ စတင်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဇီးကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ထန်းတိုကျေးရွာနှင့် ကူတုပ်ကျေးရွာများတွင်   လျှပ်စစ်မီးလင်းပွဲများ ဆက်လက်ကျင်းပသည်။

ရေစကြိမြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) Phase-1 ဖြင့် မီးလင်းရန် ကျေးရွာ ၃၆ ရွာ လျာထားပြီး မီးလင်းရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုဇော်(ပြန်/ဆက်)