ဆွမ်ပရာဘွမ် ၁၆ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်လက်မှတ်ရောက်ရှိမှုများအား စစ်ဆေးခြင်းကို အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါမဲဆန္ဒရှင်လက်မှတ်များတွင် ဆွမ်ပရာဘွမ်မြို့နယ်အတွက်ရရှိသည့် မဲဆန္ဒရှင်လက်မှတ်အရေအတွက် ပြည့်စုံမှု ရှိ/ မရှိ၊ လွှတ်တော်ကိုယ်စားလှယ်များ မှန်ကန်မှု ရှိ/ မရှိ၊ ပါတီ Logo များ မှန်ကန်မှု ရှိ/မရှိ၊ မှင်စွန်းထင်းမှု ရှိ/ မရှိ၊ စုတ်ပြဲမှု ရှိ / မရှိ တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကော်မတီဝင်များက စစ်ဆေးခဲ့ကြသည်။
ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒရှင် အရွက်ငါးဆယ်ပါ (၅၄) အုပ်၊ အမျိုးသား လွှတ်တော်မဲဆန္ဒရှင် အရွက်ငါးဆယ်ပါ (၅၄)အုပ်၊ ပြည်နယ်လွှတ်တော်အမှတ်(၁) မဲဆန္ဒရှင် အရွက်ငါးဆယ်ပါ (၃၃) အုပ်၊ ပြည်နယ်လွှတ်တော်အမှတ်(၂) မဲဆန္ဒရှင် အရွက်ငါးဆယ်ပါ(၂၂)အုပ်၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင် ဗမာ အရွက်ငါးဆယ်ပါ (၁၅)အုပ်၊ ရှမ်း အရွက်ငါးဆယ် ပါ (၁၀) အုပ်၊ လီဆူ အရွက်ငါးဆယ်ပါ (၃)အုပ်၊ ရဝမ် အရွက်ငါးဆယ်ပါ (၆) အုပ် ရှိပြီး ပြည်သူလွတ်တော်ကိုယ်စားလှယ် (၄) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်၊ (၆) ဦး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) (၅) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) (၆)ဦး၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒရှင် ဗမာလွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ ရှမ်းလွှတ်တော် ကိုယ်စားလှယ်(၈) ဦး၊ လီဆူလွှတ်တော်ကိုယ်စားလှယ် (၈) ဦး၊ ရဝမ်လွှတ်တော်ကိုယ်စားလှယ် (၆)ဦး၊ တို့ဖြစ်ပြီး သက်ဆိုင်ရာ ပါတီ Lago များလည်း မှန်ကန်ကြောင်း၊ စုတ်ပြဲမှုမရှိကြောင်း၊ မှင်စွန်းထင်းမှု မရှိကြောင်းနှင့် အဆိုပါမဲဆန္ဒရှင်လက်မှတ်များကို ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီများက ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။
ကုဋေ (ပြန်/ဆက်)


