မန္တလေး ၁၆ အောက်တိုဘာ
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ကျုံးပတ်လည်တွင် လမ်းလျှောက်ခြင်း၊ အပန်းဖြေခြင်း၊ အားကစား ပြုလုပ်ကြခြင်းတို့ဖြင့် လူအများ တဖြည်းဖြည်း ပြန်လည်များပြား လာနေခြင်းကြောင့် အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်း ကို အောက်တိုဘာ ၁၅ ရက် ည ၇ နာရီက စတင်ပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျုံးဘေးတွင် လူအများပြန်လည်များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ဆင့်ပွားကူးစက်မှုများ ဖြစ်ပေါ် လာနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အောင်မြေသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၏ ကြီးကြပ်မှုဖြင့် အနှိပ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရာအိမ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ကျော်မျိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)


