ကွမ်းခြံကုန်း ၁၆ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်အထောက်အကူဖြစ်စေရန် စေတနာရှင်ပြည်သူများက အလှူငွေများလာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုများတွင် တော်ကူးအနောက်စံပြကျေးရွာနေ ဦးဇော်ဝင်းထွဋ်မိသားစုက မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေကျပ်(၃၀၀၀၀)၊ ကွမ်းခြံကုန်းမြို့နယ် အထက(၁) ကျောင်းသားဟောင်းများ(၁၉၈၈)မှအလှူငွေကျပ်(၁၀၀၀၀၀)၊ တော်ခရမ်းအရှေ့ကျန်းမာရေးဌာန (ခွဲ)မှ ဘက်စုံသားဖွားဆရာမ ဒေါ်အိအိသွယ်နှင့် ကျန်းမာရေးကြီးကြပ်(၂) ဒေါ်မို့မို့ငြိမ်းချမ်းတို့မှ အလှူငွေကျပ် (၃၅၀၀၀)၊ အဓာတ်ကျေးရွာနေ ဦးစိန်မျိုးမင်းနှင့် ဇနီးဒေါ်ခိုင်မွန်ဟန်နှင့် သမီးချမ်းမြေ့အိမ်စည်မိသားစုမှ အလှူငွေ ကျပ် (၃၀၀၀၀) တို့ကိုလာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)


