ဘုတ်ပြင်း      ၁၆    အောက်တိုဘာ 

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများ ထားရှိမည့် ဆန္ဒမဲပုံးအား မြို့နယ်အတွင်းရှိ ပါတီအသီးသီး၏ ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် လုံခြုံရေးကြိုးဖြင့် ချိပ်ပိတ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇင်မာထွေးက ကြိုတင်ဆန္ဒမဲနှင့် ပတ်သက်၍ ဘုတ်ပြင်းမြို့နယ်အနေဖြင့်  ပြည်ပရောက်ကြိုတင်မဲ   ၇၀    ရှိကြောင်း ယနေ့အထိ ပြည်တွင်းကြိုတင်မဲ (၄၀၈)မဲ ရှိကြောင်းနှင့် ပြည်တွင်းအနေဖြင့် ကြိုတင်မဲထပ်တိုးလာနိုင်ပါကြောင်း ၊ ကြိုတင်မဲနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲများ ထည့်သွင်းထားရှိမည့် ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးဖြစ် ချိပ်ပိတ်ခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းထွန်းဦး (ဘုတ်ပြင်း ပြန်/ဆက်)