၁၆ အောက်တိုဘာ
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကြာသပတေးနေ့က ပြည်ပမှ ရောက်ရှိလာသူ ၁၁ ဉီးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး အဆိုပါ နေ့အတွင်း ပြည်တွင်းကူးစက်မှုများ မရှိကြောင်း ရှန်ဟိုင်း ကျန်းမာရေး ကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။
အတည်ပြုလူနာ ၁၁ ဉီးစလုံးသည် တရုတ်နိုင်ငံသားများ ဖြစ်သည်။
အီသီယိုးပီးယားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ကိုးဉီးသည် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး အခြားသူနှစ်ဉီးမှာ ရုရှားနှင့် ဗြိတိန်နိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသူများဖြစ်သည်။
အဆိုပါ လူနာများအား ကုသမှုခံယူရန်အတွက် သတ်မှတ်ထားသည့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။
၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သည့် လူပေါင်း ၂၁၈ ဉီးကိုလည်း သီးခြားသတ်မှတ်ထားသည့် နေရာများတွင် စောင့်ကြည့်လျက်ရှိသည်ဟု ဆိုသည်။
ကြာသပတေးနေ့ အတွင်းက ရှန်ဟိုင်းမြို့တွင် ပြည်ပမှ ရောက်ရှိလာသူ ၇၃၃ ရှိခဲ့ကြောင်း ရှန်ဟိုင်းကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။
၎င်းတို့အနက် ၆၆၁ ဦးကို ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ပြီး ၇၂ ဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေဆဲ ဖြစ်သည်။
သေဆုံးသူ ခုနှစ်ဉီး အပါအဝင် ဒေသတွင်းကူးစက်မှု ၃၄၂ခု ရှိခဲ့ကြောင်း ရှန်ဟိုင်းကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
