၁၆ အောက်တိုဘာ
ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်တက်နေတဲ့အတွက် ပိုးကူးစက်မှု ထိန်းချုပ်ရန် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီးနောက် Marston’s ဘုံဆိုင်တွေက လုပ်သား ၂,၁၅၀ ကို အလုပ်မှ ရပ်နားလိုက်ကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
အလုပ်မှ ရပ်နားခံလိုက်ရတဲ့ လုပ်သားတွေဟာ ဗြိတိန်အစိုးရရဲ့ အလုပ်မှ လျှော့ချခံရတဲ့ လုပ်သားတွေအား လုပ်အားခထောက်ပံ့နေတဲ့ အစီအစဉ်မှာ ခံစားခွင့်ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအစီအစဉ်နဲ့ ခံစားခွင့်ရနေတဲ့ အလုပ်လက်မဲ့ လုပ်သားဦးရေကို နိုဝင်ဘာလမှာ လူဦးရေ စစ်ချမှာလို့ သိရပါတယ်။
နိုင်ငံတစ်ဝန်းမှာ Marston’s ဘုံဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေ အပါအဝင် စီးပွားရေး လုပ်ငန်းပေါင်း ၁,၄၀၀ မှာ လုပ်သား ၁၄,၀၀၀ ခန့် အလုပ်လုပ်နေကြောင်း သိရပါတယ်။
အစိုးရရဲ့ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ဘုံဆိုင်တွေကို ည ၁၀ နာရီမှာ ပိတ်ခိုင်းတဲ့အတွက် မူလဆိုင်ဖွင့်ချိန်ထက် တစ်နာရီခွဲ စောပိတ်တာသာ ဖြစ်ပါတယ်။
ဘုံဆိုင်ပိုင်ရှင်တွေက ဆိုင်ပိတ်ချိန်စောတာထက် လူတွေကို ရပ်ကွက်တွင်းက ဆိုင်တွေကို သွားလာခွင့်ထက် အိမ်မှာပဲနေရေးကို အားပေးနေတဲ့အတွက် အခုလို လုပ်သားလျှော့ချမှုတွေ ဖြစ်ကြောင်း ပြောပါတယ်။
Marston’s ရဲ့ ပြိုင်ဘက် Greene King ဘုံဆိုင်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က လုပ်သား ၈၀၀ လျှော့ချခဲ့ပြီး ဖြစ်ပါတယ်။
MDN
ကိုးကား - AFP
