နေပြည်တော် ၁၆ အောက်တိုဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီတွင် တနိုင်းမြို့၊ မြစ်ကြီးနား-တနိုင်းသွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၁)အနီးတွင် မဆန်ရာ(ခ)မာဆန့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၁,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၃ ကီလို ကိုလည်းကောင်း။
အလားတူ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာ-အိန္ဒုကျေးရွာသွား ကားလမ်း၊ ကျားကလေးကျေးရွာ အနီးတွင် ထိခေါင်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၈၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား