၁၇ အောက်တိုဘာ

 

နယူးဇီလန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲနေ့ ဖြစ်တဲ့ ဒီနေ့(စနေနေ့မှာ)မှာ လက်ရှိဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် အား ဝန်ကြီးချုပ် ဆက်လက် ဖြစ်ခွင့် ရှိ၊ မရှိ ကို ဆုံးဖြတ်ရန် နိုင်ငံသားတွေ မဲရုံတွေမှာ မဲပေးနေကြပြီဖြစ်ပါတယ်။

 

မဲရုံတွေကို နံနက် ၉ နာရီတွင် ဖွင့်လှစ်ပြီး ညနေ ၇ နာရီမှာ မဲရုံပိတ်မှာဖြစ်မှာပါတယ်။ နယူးဇီလန်နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေအရ မဲပေးနေစဉ်အချိန်အတွင်းမှာ မဲရေတွက်ခွင့် မရှိကြောင်းသိရပါတယ်။

 

ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ခန့်မှန်းချက်တွေအရ ဝန်ကြီးချုပ် အာဒန်ရဲ့ လေဘာပါတီမှာ ၄၆ ရာခိုင်နှုန်းက ထောက်ခံနေတဲ့အတွက် အဓိက အတိုက်အခံပါတီ Nationals ပါတီထက် ၁၅ ရာခိုင်းနှုန်း ရှေ့ကနေ ပြေးနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့ ပါတီကနေ အစိုးရဖွဲ့ရန်အတွက် မဲလိုအပ်နေတာကိုတွေ့ရပါတယ်။

 

ဝန်ကြီးချုပ်အာဒန် အခု ကျင်းပမယ့်ရွေးကောက်ပွဲကို ကိုဗစ်ရွေးကောက်ပွဲလို့ ခေါ်ဆိုပြီး သူ့အား ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံကနေ မောင်းထုတ်ရန် ဆက်လက်လုပ်ဆောင်ခွင့်ပေးရန်၊ ၅သန်းသော လူထုမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅ ဦးသာ ရှိတာကိုလည်း မြင့်တွေ့ပြီးဖြစ်တဲ့အတွက် သူ့အား ရွေးချယ်ရန် မဲဆွယ်ခဲ့တာကိုတွေရပါတယ်။

 

မဲဆွယ်ပွဲတွေမှာ ဝန်ကြီးချုပ်က ဘယ်သူက နယူးဇီလန်ကို လုံခြုံအောင်လုပ်ဆောင်နိုင်လဲ၊ ဘယ်သူက ပြန်လည် ထူထောင်ရေးလုပ်ဆောင်နိုင်မလဲဆိုတာတဲ့ မေးခွန်းတွေ မဲပေးမယ့်ပြည်သူတွေအား ထပ်ခါထပ်ခါမဲမေးပြီး မဲဆွယ်ခဲ့ပါတယ်။

 

ဝန်ကြီးချုပ်က အခုသီတင်းပတ်အတွင်းမှာပင် သူတာဝန်ယူစဉ်ကာလအတွင်း အခက်အခဲတွေရှိနေပေမယ့် အဲဒီအလုပ်ကို လုပ်ဖို့အတွက် သူတတ်နိုင်တာတွေလုပ်ဆောင်မယ်။ အဲဒီလုပ်ဆောင်မှုဟာ ပေးဆပ်မှုလို့တောင် ပြောနိုင်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တောင် လုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။

 

မဲပေးနိုင်သူ ၃.၅ သန်းနီးပါးထဲမှာ ၁.၇ သန်း သို့မဟုတ် တစ်ဝက်နီးပါးဟာ ကြိုတင်မဲပေးထားပြီးဖြစ်ပါတယ်။

 

နယူးဇီလန်နိုင်ငံမှာ မူလက ရွေးကောက်ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုရှိတဲ့အတွက် ရက်ရွေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။ မဲရုံတွေပိတ်ပြီး သုံးနာရီအတွင်းမှာ မဲရလဒ်ကို ရရှိနိုင်မယ်လို့ သိရပါတယ်။

 

မဲပေးသူအနေနဲ့ အထွေထွေရွေးကောက်ပွဲအတွက် မဲတစ်မဲ အပြင် နောက်ထပ် ဆန္ဒခံယူပွဲမဲ နှစ်ခုပါ ပေးရမယ်လို့ သိရပါတယ်။ ဆန္ဒခံယူမဲ တစ်မဲမှာ ဆေးဝါးအဖြစ် ဆေးခြောက်ကို တရားဝင်ဖြစ်လာစေရေးနဲ့ euthanasia ကို တရားဝင် လုပ်ခွင့်ပေးရန် ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲရဲ့ မဲရလဒ်တွေကတော့ အောက်တိုဘာ ၃၀ ရက်နေ့ လောက်မှ သိရမှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP