mdn

၁၇ အောက်တိုဘာ

 

အမေရိကန်သမ္မတလောင်း ဂျိုးဘိုင်ဒန် ဟာ လစဉ် ရန်ပုံငွေတွေ တိုးပြီး ရရှိနေရာ စက်တင်ဘာလ အတွက် ရံပုံငွေ အမေရိကန်ဒေါ်လာ ၃၈၃ သန်း ရရှိတဲ့အတွက် မှတ်တမ်းသစ်ထပ်တင်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ထရမ့်နဲ့  သမ္မတလောင်း စကားစစ်ထိုးပွဲလုပ်အပြီးမှာ လှူဒါန်းတွေကို ပိုပြီး ရရှိလာဖြစ်ပါတယ်။

 

သမ္မတ ထရမ့်ရဲ့ ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၂၄၈ သန်းသာ စက်တင်ဘာလက ရရှိခဲ့တဲ့အတွက် ဘိုင်ဒန်ထက် များနေတာကို တွေ့ရပါတယ်။

 

သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ထရမ့်က ဘိုင်ဒန်ပြောနေစဉ် တစ်ချိန်လုံး စကားဖြတ်ပြောခြင်း နဲ့ တရားရုံးချုပ် တရားသူကြီး ရုသ် ဒတ်ဒါ ဂင်းစဘတ် သေဆုံးပြီးနောက် ဒီမိုကရက်ပါတီဝင်တွေက ပိုပြီး လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။

 

ဘိုင်ဒန် ရဲ့ မဲဆွယ်ပွဲ မန်နေဂျာ ဂျန် က မဲဆွယ်ပွဲရန်ပုံငွေ ၃၈၃ သန်းမှာ ၂၀၃ သန်းဟာ အွန်လိုင်းကနေ လှူဒါန်းသူတွေဆီက ရရှိကြောင်း ပြောပါတယ်။ ဘိုင်ဒန် သမ္မတ အဖြစ် ရွေးကောက်ခံရရေးအတွက် အမေရိကန် ဒေါ်လာ ၄၃၂ သန်း သုံးစွဲသွားမယ်လို့ သိရပါတယ်။

 

ဂျိုးဘိုင်ဒန် သမ္မတ ဖြစ်လာရေးအတွက် လှူဒါန်းငွေဟာ ဩဂုတ်လမှာ ၃၆၄ သန်း ရှိခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်က မှတ်တမ်းတင်ခဲ့တဲ့ အိုဘားမားအတွက် လှူဒါန်းငွေ သန်း ၂၀၀ နီးပါးထက် များပြားခဲ့တဲ့အတွက် မှတ်တမ်းသစ်တင်ထားပြီး ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP