ရေကြည် ၁၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဗထူးရပ်ကွက် အောင်ဝိဇ္ဇာပိုင်းတွင် ယမန်နေ့ ညနေ(၆) နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေ အိမ်(၁) လုံးပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဆိုပါရပ်ကွက်အတွင်းရှိ သွပ်မိုး၊ ထရံကာ၊ နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အခြားထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရသည်။
လတ်တလောတွင် ပြိုပျက်နေအိမ်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် အိမ်ထောင်စုဝင်များအား ကျေးရွာအတွင်းရှိ ဆွေမျိုးသားချင်းများ၏နေအိမ်သို့ ယာယီပြောင်းရွှေ့နေရာချထားခြင်းများကို သက်ဆိုင်ရာကျေးရွာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)


