ပင်လည်ဘူး ၁၈  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်နှင့် စားသောက်ရေးအခက်အခဲများဖြစ်နေသော မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စု(၈၀) တို့အား လတ်တလောစားသောက်ရေးအဆင်ပြေစေရန်  စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၁၇ ရက်က အိမ်တိုင်ရာရောက်  သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုးနှင့် မြို့မိမြို့ဖ ဦးတင်ဦးတို့မှ ဦးဆောင်၍ ကျွန်တော်များ ကမ်းလက် အလှူရှင်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အခက်အခဲ ဖြစ်နေသူများ လတ်တလောစားသောက်ရေးအဆင်ပြေစေရန် အိမ်ထောင်စု (၈၀)ဦးတို့အား အိမ်ထောင်စု တစ်စုလျင် ဆန် (၅)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ကုလားပဲ (၃၅)ကျပ်သား၊ စားဆီ (၁)ဘူး၊ ဆပ်ပြာမှုန့်(၂)ထုပ်စီနှင့် နှာခေါင်းစည်း mask တို့အား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)