မန္တလေး ၁၈ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ သဒွတ်လျှိုကျေးရွာအုပ်စု၊ ကျောက် ဆောင် ကျေးရွာ၊ ဘုရားလေးလုပ်ကွက်အမှတ်(၂)တွင်းတွင် အောက်တိုဘာ၁၇ရက် မွန်းလွဲ၁နာရီခွဲက ကျောက်မျက် တူးဖော်ရေးတွင်းလုပ်သားနှစ်ဦး နင်းကြမ်းကျိုး၍ တွင်းထဲပြုတ်ကျသွား ကြောင်း သတင်းရရှိ သဖြင့် မိုးကုတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။   

                 

  မောင်ပြည်သူ(မန္တလေး)