တံတားဦး  ၁၈  အောက်တိုဘာ

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများအသုံးပြုရန်နှင့် လူနာစောင့်များအသုံးပြုရန်အတွက်  တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့  ယနေ့နံနက်ပိုင်းက ၁၉၉၈ ကျောင်းသား/သူများနှင့် ဆက်စပ်မောင်နှများမှ  လူနာစောင့်ထိုင်ခုံများ၊ နှာခေါင်းစည်းများ၊ ရေသန့်ကဒ်များ၊ Face Shield များလာရောက်လှူဒါန်းကြောင်းသိရသည်။

 

၁၉၉၈ ကျောင်းသား/သူများနှင့် ဆက်စပ်မောင်နှများမှ  ငွေကျပ် (၄၅၀၀၀၀)တန်ဖိုးရှိ လူနာစောင့်ထိုင်ခုံ အလုံး (၂၀)၊ နှာခေါင်းစည်းဘူး (၂၀)၊ ရေသန့်ကတ် (၂၀)၊ Face Shield အခု (၁၀၀) တို့ကို လာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

 

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် လိုအပ်သောကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို အသီးသီးလာရောက်လှူဒါန်းကြသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ရဲတင့်(တံတားဦး-ပြန်/ဆက်)

 

mdn