mdn

မန္တလေး ၁၈ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထုတ်ပြန်ကြေညာသည့် မဲဆန္ဒရှင်စာရင်းများအား အွန်လိုင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲရုံးများသို့ လာရောက်ကြည့်ရှုသူ ဦးရေမှာ ၁၁ သိန်းကျော်ရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက်ရန် လျှောက်ထားသူပေါင်းမှာ ၁၇၀၀၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၄၇ သိန်းကျော်၏ အမည်စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ရက်နေ့မှ ၁၄ ရက်နေ့အထိ လာရောက်ကြည့်ရှုသူ ၁၁၂၆၇၁၀ ဦးအနက် ပုံစံ ဖြင့် တောင်းဆိုသူ ၁၁၄၇၉၀ ဦး၊ ပုံစံ ဖြင့် ကန့်ကွက်သူ ၁၈၉၀၅ ဦးနှင့် ပုံစံ - ဖြင့် ပြင်ဆင်သူ ၄၆၁၃၃ ဦး စုစုပေါင်း ပြင်ဆင်ဖြည့်စွက် ကန့်ကွက်သူ ၁၇၉၈၂၈ ဦး ရှိခဲ့ကြောင်း သိရသည်။

 

ဒုတိယအကြိမ် မဲစာရင်းတွေကြေညာအပြီးမှာ ပုံစံ နဲ့ လျှောက်ထား တောင်းဆိုသူများပြားတဲ့အတွက် မဲဆန္ဒရှင်ဦးရေက တစ်သိန်းနီးပါးလောက် ပိုမိုတိုးတက်လာဖို့ရှိပါတယ်။ ယခုကြေညာတဲ့ ဒုတိယအကြိမ် မဲစာရင်းမှာ အစုလိုက်အပြုံလိုက် ကျန်ခဲ့ရင်လည်း မဲပေးမယ့်ရက်() ရက်အလိုအထိ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ နောက်ဆက်တွဲ မဲစာရင်းအနေနဲ့ ထပ်မံလျှောက်ထားလို့ရပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကို ပြောလိုတာကတော့ ကြိုတင်မဲပေးဖို့ သက်ဆိုင်ရာကော်မရှင်ရုံးတွေမှာရော၊ မဲရုံတွေမှာပါ ကိုဗစ်ရောဂါကာကွယ်ရေး စည်းကမ်းတွေနဲ့အညီ ပြင်ဆင်ထားရှိမှာ ဖြစ်တဲ့အတွက် နိုင်ငံသားတာဝန်ကျေစေဖို့ မပျက်မကွက် မဲလာရောက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်ဟု ၎င်းကပြောသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင် ၄၇ သိန်းကျော်အတွက် မဲ ရုံပေါင်း ၅၄၄၇ ရုံဖွင့်လှစ်ကာ မဲရုံးမှူးနှင့် ဒုမဲရုံမှူးအပါအဝင် မဲရုံဝန်ထမ်း သောင်းနီးပါး တာဝန်ချဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မန္တလေးခရိုင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ၁၂ သိန်းကျော်အတွက် မဲရုံ ၆၇၉ ရုံဖွင့်လှစ်ကာ မဲရုံဝန်ထမ်းအင်အား ၁၄၂၂၄ ဦးတာဝန်ချ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မဲရုံတစ်ရုံလျှင် မဲရုံဝန်ထမ်း ၁၀ ဦးမှ ၁၂ ဦးအထိ ၎င်း မဲဆန္ဒရှင်ဦးရေ ၂၀၀၀ ကျော်ရှိသည့် မဲရုံများတွင် မဲရုံဝန်ထမ်းဦးရေကို ၁၆ ဦးမှ ၁၈ ဦးအထိ တာဝန်ပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)