mdn

မြစ်ငယ် ၁၈ အောက်တိုဘာ

 

မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ မြစ်ငယ်ဈေးအနီးတွင် ယနေ့ နံနက် နာရီက ချဉ်ငန်စပ် ဗီဒီယိုရိုက်ကူးရေးအဖွဲ့မှ ကြက်ဥ၊ ဓာတ်ဆား၊ mask နှင့် အခြား စားသောက်ကုန်ပစ္စည်းများကို ကုသိုလ်ပြုလှူဒါန်းခဲ့ရာ ဒေသခံ မြစ်ငယ်မြို့ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က ကူညီပေးဝေခဲ့ကြောင်း သိရသည်။

 

ချဉ်ငန်စပ် ဗီဒီယိုရိုက်ကူးရေးအဖွဲ့မှာ ဓာတ်ပုံပညာရှင်၊ ဗီဒီယိုရိုက်ကူးရေးပညာရှင်၊ တည်းဖြတ်ပညာရှင်များနှင့် မော်ဒယ်များ ပါဝင်ဖွဲ့စည်းထားပြီး စိတ်ခွန်အားပေး ဟာသဇာတ်လမ်းတိုများ၊ ဘဝရသ ပညာရေးဇာတ်လမ်းတိုများကို ရိုက်ကူးကာ အွန်လိုင်းဂရုမှတစ်ဆင့် တင်ဆက်ခြင်းများ ပြုလုပ်သည့်အဖွဲ့ဖြစ်သည်။

 

ကိုဗစ်-၁၉ ကာလတွင် နေထိုင်စားသောက်မှု အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို အခါအားလျော်စွာ ကာလဒါနအဖြစ် စုပေါင်းလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း ချဉ်ငန်စပ်အဖွဲ့မှ ဒါရိုက်တာမောင်ရင်မောင်က ရှင်းပြသည်။

 

တိမ်တမန်