mdn

ရန်ကုန် ၁၈ အောက်တိုဘာ

 

ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ဒုတိယအကြိမ်မြောက် သင်္ဘောခရီးစဉ်အဖြစ် MV. CHARITES သည် ယနေ့ညနေ နာရီတွင် ရန်ကုန်မြို့ ဆူးလေအမှတ်() ဆိပ်ခံတံတားမှ ထွက်ခွာသွားကြောင်း သိရသည်။

 

အဆိုပါခရီးစဉ်တွင် ကိုကိုးကျွန်းမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဆိုလာမီးလင်းရေးအတွက် လျှပ်စစ်ပစ္စည်းများ၊ ကျောင်းအဆောက်အအုံ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အပါအဝင် ကုန်တန်ချိန် ၂၂၀ ခန့် တင်ဆောင်သွားပြီး ရေယာဉ်ဝန်ထမ်း (၁၂) ဉီး အပါအဝင် ခရီးသည်စုစုပေါင်း ၇၀ ဉီး လိုက်ပါသွားကြောင်း သိရသည်။

 

ကိုကိုးကျွန်းသွားမယ့် သူတွေအားလုံးကို လွန်ခဲ့တဲ့ ရှစ်ရက်လောက်ကတည်းက ကွာရတင်းထားပြီး ဆေးစစ်ခဲ့ပါတယ်။ အားလုံးစစ်ပြီး ကိုဗစ်-၁၉ ပိုး မရှိဘူးဆိုတော့မှ အခုသင်္ဘောပေါ်တင်နေတာပါ။ ဟိုမှာလည်း ကွာရတင်းဆက်ထားမယ်လို့ သိရတယ်။ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေလည်း ပါသွားပါတယ်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်ထောက်အထွေထွေ မန်နေဂျာ ဉီးရဲသူအောင်က ပြောကြားသည်။

 

ယင်းခရီးစဉ်ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ရေလမ်းခရီးစဉ်များကို သဟာပတိရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ပြီး ဒုတိယမြောက်ခရီးစဉ်ကို မတ်လ ရက်နေ့နှင့် တတိယမြောက်ခရီးစဉ်ကို MV. CHARITES သင်္ဘောတို့ဖြင့် ဆက်လက်ပြေးဆွဲခဲ့သည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်ကို စက်တင်ဘာလ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ ယခုသင်္ဘောခရီးစဉ်သည် ဒုတိယမြောက်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ ရာသီဥတုအခြေအနေပေါ်မူတည်ကာ သင်္ဘောခရီးစဉ် ခန့်မှန်းကြာမြင့်ချိန်မှာ စုစုပေါင်း နာရီ ၃၀ ခန့် ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ- လင်းညွန့်