mdn

(၁၈-၁၀-၂၀၂၀ ရက်၊ ဆိုးလ်)

 

COVID-19 ကူးစက်ရောဂါကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် အခြား ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဝါရှင်တန်နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့ ညှိနှိုင်း၍ ၁၈-၁၀-၂၀၂၀ ရက် (တနင်္ဂနွေနေ့) တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် အထူးကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၈ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှ (၅၁) ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၆၁) ဦး၊ စုစုပေါင်းမြန်မာနိုင်ငံသား (၁၁၂) ဦး စီးနင်းလိုက်ပါခဲ့ကြပါသည်။

 

လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 

Credit >>> Ministry of Foreign Affairs Myanmar