mdn

နေပြည်တော် ၁၈ အောက်တိုဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ မိုင်းဆတ်-ကျိုင်းတုံသွား ကားလမ်း၊  မိုင်တိုင်အမှတ် ၉၆ ကီလိုမီတာအနီးတွင် မသင်္ကာဖွယ် မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်းမော်တော်ယာဉ်သည် လမ်းယာဘက်ရှိ တံတားအုတ်ခုံကို ဝင်ရောက်တိုက်မိရပ်တန့်သွားပြီး ယာဉ်ပေါ်မှ လူ ၂ ဦးမှာ လမ်း၏ဝဲဘက်လျှိုအတွင်းသို့ ထွက်ပြေးသွားသောကြောင့် ယာဉ်အားဆက်လက်ရှာဖွေရာ ယာဉ်အတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၇,၈၀၀ တန်ဖိုးရှိ အိုက်စ် ၃၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား