ရေတာရှည်      ၁၉   အောက်တိုဘာ 

 

ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ဝန်းကျင်ရှိ ကျေးရွာသုံးရွာတွင် အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်းက NEP စီမံကိန်းဖြင့် မီးလင်းရေးဖွင့်ပွဲပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

 

ညနေ ၅ နာရီတွင် ဆွာမြို့အရှေ့ ၂ မိုင် ခန့်အကွာရှိ ရွှေကဇောင်း(အလယ်ရွာ)တွင်လည်းကောင်း၊ ဆွာမြို့  အနောက် ၂ မိုင်ခန့်အကွာရှိ ရွှေတောင်ကြား(အနောက်ရွာ)၊နှင့် ရွှေတောင်ကြား(အရှေ့) ရွာတို့သို့ ဆက်လက် သွားရောက်၍ မီးလင်းရေးဖွင့်ပွဲအခမ်းများကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့ ဖွင့်လှစ်သည့် ကျေးရွာသုံးရွာအပါအဝင် ကျေးရွာပေါင်း ၁၈ ရွာ မီးလင်းပြီဖြစ်ကြောင်း သိရသည်။

 

 ကိုလွင်(ဆွာ)