မြိုင် ၁၉  အောက်တိုဘာ 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Western State Agribusiness Project)ဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာဆယ်ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို  ဧပြီလ ဒုတိယ အပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) ထောက်ပံ့ ရန်ပုံငွေ ၂၁၈ ဒသမ ၃၈၇၈ သန်းဖြင့်  ကျေးရွာဆယ်ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်း၊ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းနှင့် ပါဝါမီတာတပ်ဆင်ခြင်း လုပ်ငန်းတို့ကို ဌာနအင်ဂျင်နီယာ အစုဖွဲ့နှင့် တင်ဒါ အောင်မြင်သည့် ကောင်းခန့်ကြွယ် ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းနှင့်  အဆိုပါ ကျေးရွာများရှိ အိမ်ခြေ ၂၀၃၆ အိမ်၊ လူဦးရေ ၁၀ဝ၇၈ ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေများ ဖူံလုံစွာရရှိနေပြီဖြစ်ကြောင်း   မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းထံမှ သိရသည်။

 

ဇော်မင်းဌေး