ပုသိမ်   ၁၉  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ.အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပုသိမ်မြိုနယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့.နံနက် ၉ နာရီက အမှတ် ၆ အခြေခံပညာ အထက်တန်း ကျောင်း ပမ္မဝတီခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးက အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေစိုးနှင့် အဖွဲ့ခွဲဝင်များက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲနေ့ ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲ လုံခြုံရေး၊ မဲရုံသုံးပုံစံများ ရေးသွင်းခြင်းနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေးရန်အတွက် အချက်အလက် ဆိုင်ရာများကို သင်တန်းပိုချပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ဖြစ်ပြီး ပုသိမ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၁၅ ရက်ကွက်၊ ကျေးရွာအုပ်စု ၅၃ အုပ်စုရှိ မဲရုံ( ၂၀ဝ) ရုံတွင် တာဝန်ထမ်းဆောင်ကြမည် ရပ်/ကျေးကော်မရှင် အတွင်းရေးမှူးများ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် ၉၄ ဦးတက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလ အောက်တိုဘာ ( ၁၉) ရက်နေ့ တစ် ရက်ကြာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

မြို့နယ်အတွင်း သင်တန်းများကို နေရာ ၁၁ နေရာခွဲ၍ အောက်တိုဘာ ၁၉ မှ နိုဝင်ဘာ ၃ ရက်နေ့အထိ တစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ဆက်လက်ဖွင့်လှစ် ပို့ချသွားမှာဖြစ်သည်။

 

ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသား ၆၇၈ ဦးရှိကြောင်း သိရသည်။

 

သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ ဆက်)