ပူတာအို ၁၉ အောက်တိုဘာ
ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် ပူတောင်းကျေးရွာအုပ်စု မုဒုံ(၂) ကျေးရွာရှိ အလက-မုဒုံ(၂)ကျောင်းဆောင်မှာ ယခုလ(၁၆)ရက်ည(၁၀)နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်။
အဆိုပါ ပြိုလဲပျက်စီးသွားသည့် ကျောင်းဆောင်မှာ (သက်ဆိုင်ရာဌာနမှ အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ထား)အနံပေ(၃၀)၊ အလျားပေ(၆၀)ရှိ (၂)ထပ်ဆောင် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး အမျိုးအစားဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုလဲပျက်စီးသွားသည့် ကျောင်းဆောင်ဟောင်းကို ယနေ့နံနက်ပိုင်းက ပူတာအိုမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိတု ဦးဆောင်သော မီးသတ်သန္ဓေတပ်ဖွဲ့ဝင် (၁၃)ဦးတို့နှင့် မုဒုံ(၂) ကျေးရွာရှိ ကျောင်းကော်မတီများ၊ ရွာသူ/ရွာသားများ လုပ်သားအင်အား ပူးပေါင်းကာ လဲပြိုနေသောသစ်ပင်များ၊ ပြိုလဲသွားသည့် ကျောင်းဆောင်ဟောင်းကို ဖြိုချရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုလဲပျက်စီးသွားသည့် ကျောင်းဆောင်မပါ၀င်(မပါ၀င်)အခြား ပေ(၂၀)×ပေ(၁၀၀)ရှိ ပတ္တမြားဆောင်မှာ ပေ(၂၀)ခန့်အမိုးလန်ပျက်စီးပြီး ရေတွင်းအမိုးမှာလည်း ပြိုလဲပျက်စီးခဲ့ ကြောင်း အလက- မုဒုံ(၂) ကျောင်းအုပ်ဆရာကြီး ဦးနောလီဆာထံမှ သိရသည်။
နောယော်ဘော်(ပြန်/ဆက်)


