မန္တလေး ၁၉ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၏မြို့နယ်များတွင် အောက်တိုဘာ ၁၉ ရက် နံနက် ၁၀ နာရီအထိ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၁၀၃၆)ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ (၅၉၃)ဦးရှိကာ ဓါတ်ခွဲအတည်ပြု လူနာ သေဆုံးသူ(၂)ဦး ရှိကြောင်းသိရပြီး မန္တလေးခရိုင်အတွင်း၌ ဓါတ်ခွဲအတည်ပြုလူနာ(၆၄၈)ဦးဖြင့် အများဆုံးတွေ့ရှိထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၏ ဓါတ်ခွဲအတည်ပြုလူနာစာရင်းမှာ မန္တလေးခရိုင်တွင် (၆၄၈)ဦး၊ ပြင်ဦးလွင်ခရိုင် တွင်(၂၃)ဦး၊ ကျောက်ဆည်ခရိုင်တွင်(၁၇)ဦး၊ မိတ္ထီလာခရိုင်တွင်(၉၉)ဦး၊ မြင်းခြံခရိုင်တွင်(၁၁၅)ဦး၊ ရမည်းသင်းခရိုင်တွင်(၅၁)ဦးနှင့် ညောင်ဦးခရိုင် တွင်(၈၃)ဦး စုစုပေါင်း (၁၀၃၆)ဦးရှိကြောင်း သိရပြီး ဓါတ်ခွဲအတည်ပြု လူနာရောဂါပိုးကင်းစင်လာသူ အနေဖြင့် မန္တလေးခရိုင်တွင် (၃၄၇)ဦး၊ ပြင်ဦးလွင်ခရိုင်တွင်(၁၄)ဦး၊ ကျောက်ဆည်ခရိုင်တွင်(၁၀)ဦး၊ မိတ္ထီလာခရိုင်တွင် (၅၁)ဦး၊ မြင်းခြံခရိုင်တွင်(၈၆)ဦး၊ ရမည်းသင်းခရိုင်တွင်(၁၈)ဦးနှင့် ညောင်ဦးခရိုင်တွင် (၆၇)ဦး စုစုပေါင်း(၅၉၃)ဦးရှိကြောင်း၊ ဓါတ်ခွဲအတည်ပြုလူနာသေဆုံးသူ(၂)ဦးမှာ မန္တလေးခရိုင်အတွင်းမှ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဟိုတယ် Quaratine ဆောင်ရွက်ထားသူ(၂၈၉)ဦးနှင့်Facility Quaratine (၂၆၃၉)ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အောက်တိုဘာ(၁၈)ရက်အထိ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် အောက်တိုဘာ(၁၈)ရက် ည(၈)နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၃၆၀၂၅)ဦး ရှိပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ(၁၇၀၇၆)ဦးနှင့် ဓါတ်ခွဲအတည်ပြုလူနာသေဆုံးသူပေါင်း(၈၈၀) ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


