မန္တလေး ၁၉ အောက်တိုဘာ

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ များပြားလာသည့် နေရာများအား အောက်တိုဘာ ၁၈ ရက် ညနေ၅နာရီမှစ၍ Semi-Lockdown ထပ်မံချထားပြီး အသွားအလာများ ကန့်သတ်ထားကြောင်း သိရသည်။

 

Semi-Lockdown ချထားခြင်းကို အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက် အတွင်းရှိ အကွက်(၁၂၈)နှင့် အကွက်(၁၂၉)တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိအတည်ပြု လူနာများ နေထိုင်ကြသည့် ၁၈လမ်းနှင့် ၁၉လမ်းကြား၊ ၈၆လမ်းနှင့်၈၈ လမ်းကြားရှိ ဒူးကြားလမ်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်မြေသာစံမြို့နယ်တွင် ယခုနှစ် အောက်တိုဘာ ၁ရက်နေ့က ဥပုသ်တော်ရပ်ကွက်ရှိ အကွက်(၂၀)နှင့်အကွက်(၂၉)၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ အကွက် (၃၆)တို့ကို Semi-Lockdown ချထားပြီး အသွားအလာများ ကန့်သတ်ထားခြင်းကို ပထမအကြိမ်အဖြစ် ပြုလုပ်ခဲ့ပြီး အောင်မြေသာစံရပ်ကွက်တွင် အကွက်(၁၁၃)နှင့်အကွက်(၁၁၆)တို့ကို အောက်တိုဘာ ၉ ရက်နေ့က ဒုတိယအကြိမ်အဖြစ်ပြုလုပ်ခဲ့ပြီး ယခုပြုလုပ်ခြင်းမှာ တတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဇော်လင်းဦး (အောင်စံ)