နေပြည်တော် ၁၉ အောက်တိုဘာ

 

ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၂၈)ရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ယနေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရုံး(၂၈)ရုံးတို့မှ ပြန်လည်ပေးပို့လာသည့် ဆန္ဒပြုပြီး မဲလက်မှတ်များ ပါဝင်သည့် အထုပ် (၄၃)ထုပ်အား ယနေ့နံနက် () နာရီခွဲတွင် လုံခြုံရေးအစောင့်အရှောက်ဖြင့် ရန်ကုန်မြို့ရှိ Myanmar DHL Service ရုံးချုပ်မှ စတင်ပို့ဆောင်ခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှတစ်ဆင့် နေပြည်တော်အဝင် Toll Gate သို့ (၁၀) နာရီခွဲတွင် ရောက်ရှိခဲ့ပြီး ၎င်းဆန္ဒမဲ လက်မှတ်ပါအထုပ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

 

ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လာရာ အောက်တိုဘာ ၁၄ ရက်တွင် ရုံး()ရုံးတို့မှ ဆန္ဒမဲ လက်မှတ်များကိုလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ရုံး()ရုံးတို့မှ ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ ယနေ့တွင် ရုံး(၂၈)ရုံးတို့မှ မဲလက်မှတ်များကို လည်းကောင်း လက်ခံရရှိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အဆိုပါနေ့ရက်များ၌ပင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်အထိ ရုံး (၃၄)ရုံးတို့မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

 

ကျန်ရှိသည့် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပေးပို့လာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စနစ်တကျ လွှဲပြောင်းပေးပို့သွားမည်ဖြစ်သည်။

 

ထို့ပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများသည် ဒူဘိုင်းမြို့ရှိ ပြင်ပမဲရုံခွဲ၌ မဲရုံဖွင့်လှစ်သည့် ဒုတိယနေ့ အောက်တိုဘာ ၁၈ ရက်က ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြရာ စုစုပေါင်း မဲဆန္ဒရှင် (၂၇၃)ဦး လာရောက် ကြိုတင်ဆန္ဒမဲပေးခဲ့ကြသဖြင့် မဲရုံခွဲဖွင့်လှစ်သည့် ()ရက်၌ စုစုပေါင်း မဲဆန္ဒရှင် (၅၅၄)ဦး ကြိုတင်မဲပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်