ကျွန်းစု  ၂၀  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၌ ရာသီဥတုဆိုးရွားပြီး လှိုင်းထန်မှုကြောင့် ယမန်နေ့ နံနက် (၉)နာရီခန့်က ပင်လယ်ပြင်၌ ငါးဖမ်းလှေတစ်စီးနစ်မြုပ်ခဲ့ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ် (၅၆၆)မှာ ယမန့်နေ့ နံနက်(၉)နာရီခန့်က ပုလဲကျွန်း အနောက်ဘက်(၂.၆)မိုင်ခန့်အကွာ၌ (အောင်မင်္ဂလာ-၅)အမည်ရှိ ငါးဖမ်းလှေ တစ်စီး နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းသမားများထံမှ သတင်းရရှိခဲ့၍  နစ်မြုပ်နေသော ငါးဖမ်းလှေဆီ သွားရောက်ခဲ့ပြီး ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လှေသား (၃၉)ဦး အနက် (၃၇)အား အသက်ရှင်လျက် ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး ဆေးကုသပေးခြင်းနှင့် လိုအပ်လျက်ရှိသော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပျောက်ဆုံးနေသော လှေသား(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

မင်းကျော်စော (ပြန်/ဆက်)