ဖျာပုံ ၂၀ အောက်တိုဘာ

 

ဖျာပုံမြို့တွင် အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ၅ နာရီခန့်မှစတင်ပြီး ညသန်းခေါင် အချိန် အထိ မိုးအဆက်မပြတ် ရွာသွန်းရာ ၊ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းအထိ သဲထန်စွာ ရွာသွန်းနေသဖြင့် အနိမ့်ပိုင်း ရပ်ကွက် များဖြစသည့် အမှတ် (၁၅)၊ (၁၆)၊ (၇)၊(၈)၊(၉)၊(၁၀)၊ (၁၁)၊(၁၂)၊(၁၇)၊ (၁၈)၊(၁၉) ရပ်ကွက် အသီးသီးရှိ အနိမ့်ပိုင်းလမ်းများ ရေမြုပ်နေပြီး အောက်ခြေနိမ့်သော ပြည်သူများ၏နေအိမ်များ ကြမ်းပြင်အထိ ရေနစ်မြုပ်မှုများကြုံတွေ့ရပြီးခရီးသွားလာမှုခက်ခဲနေကြောင်း သိရသည်။

 

mdn

 

" ကျွန်တော်တို့ ဖျာပုံမြို့မှာ နာဂစ်မုန်တိုင်းဒဏ် ခံစားရတဲ့ အချိန်တုန်းက ဒီလိုရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့တယ်။ ခုက လေပြင်းမတိုက်ဘူး၊ မိုးအလွန်ရွာတော့ တော်သေးတယ် မှတ်တာ၊ မိုးက အချိန်ပြည့် သဲသဲမဲမဲ ရွာနေတော့ အိမ်ခြံဝန်းတွေ ရေမြုပ်တယ်၊ အိမ်အောက်ခြေ ဖိနပ်ချွတ်အထိမြုပ်ပြီး တချို့ နေအိမ်တွေဆိုရင် ကြမ်းခင်အထိမြုပ်နေပြီ ၊ ဒီအတိုင်းဆက်ရွာနေရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကူညီတောင်းရတော့မယ် ထင်တယ် " ဟု အမှတ်(၁၅) ရပ်ကွက်နေ ဉီးကျော်ဇေယျက ပြောသည်။

 

ချမ်းသာ(ဖျာပုံ)