ဒီးမော့ဆို ၂၀ အောက်တိုဘာ
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အဓိကထား ဆောင်ရွက် ပေးလျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကျောက်လမ်းခင်းခြင်း (၁၀) မိုင် ခွင့်ပြုငွေကျပ် ၁၀၆၆ ဒဿမ ၇၃ သန်းကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁၁၀ဝ ပေ ခွင့်ပြုငွေကျပ် ၁၂ ဒဿမ ၉ သန်း၊ (၂)ဖာလုံလမ်းချဲ့ခြင်း၊ Step Bar ခံခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၅၅ သန်း၊ (၃၅)ပေ သစ်သားတံတား ပြုပြင်ခြင်းခွင့်ပြုငွေကျပ် ၈ ဒဿမ ၃၄၄ သန်းနှင့် Box Culvert(၂၃)စင်း တည်ဆောက်ခြင်း ခွင့်ပြုငွေကျပ် ၉၆ ဒဿမ ၇၉၄ သန်းစုစုပေါင်းခွင့်ပြုငွေကျပ် ၁၁၉၃ ဒဿမ ၁၂၃ သန်းဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံပြည်သူလူထုများအတွက် ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ကျေးလက်နှင့်မြို့ပြ လူမှုစီးပွားဘဝများ ကွာဟမှုကို လျှော့ချစေနိုင်ခဲ့သည့် အပြင်၊ ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော် မြို့နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်များသို့ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်သည့်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်တာဝန်ယူ ဆောင်ရွက်ပေးခဲ့သော ကုမ္ပဏီများအား ကျေးဇူးတင်ရှိကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်များအရ ကြားသိရသည်။
ကိုစိုင်း(လွိုင်ကော်)


