၂၀ အောက်တိုဘာ
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီပြည်နယ် ကျောက်မီးသွေးမိုင်းတွင်း တစ်ခုမှ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လေဉီး သေဆုံးခဲ့ပြီးနောက် အခြားသူ တစ်ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များမှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် Lu'an ကုမ္ပဏီပိုင် ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံးနောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ ကျောက်မီးသွေး မိုင်းတွင်းမှ နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၁ ဒသမ ၂ မီလီယံ ထွက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်